စက်ဘီးစီးတတ်လား
တစ်ကွေ့တစ်ချိန်မှာ
လုံးဝမလဲတော့တဲ့အခါ ခင်ဗျားစတင်ပြောင်းလဲခဲ့တာပဲ
ဆိုလိုချင်တာက မတတ်သူကနေ တတ်သူအဖြစ်သို့ ပြောင်းလဲခဲ့တယ်
ဒီမတိုင်ခင်က တတ်ဖို့လမ်းစမြင်နေလို့
ခင်ဗျားစက်ဘီးစီးတာလား
မဟုတ်ဘူး။ ခဏခဏ လဲသွားလိုက် ပြန်ထလိုက် အရသာကို ခင်ဗျားခုံမင်လို့
နောက်တစ်ကြိမ်တော့ဘယ်လိုလေးစီးကြည့်လိုက်မယ် ဆိုတဲ့စိတ်နဲ့ခင်ဗျား အတတ်ပညာတွေကိုတတ်ခဲ့တာပဲ
ဖြစ်ပါ့မလားတွေများလေလေ ခင်ဗျား အဖြစ်မရှိတဲ့လူ ဖြစ်လာလေလေပဲ
လုပ်လို့ ဖြစ်ပါ့မလားတွေများလေလေ ခင်ဗျား အလုပ်မဖြစ်တဲ့လူ ဖြစ်လာလေလေပဲ
ဒါ့ကြောင့်လုပ်မယ်ဆိုတာလေးတွေပေါ်လာမှခင်ဗျားအတွက်လမ်းစပွင့်မယ်
လုပ်ရင် ဖြစ်မယ်
ကိုယ့်ကိုယ်ကိုယုံစမ်းပါ ခင်ဗျားတွေးနေတာထက်ကို
ပိုလုပ်နိုင်တယ်ဆိုတာ ခင်ဗျားကိုယ်ခင်ဗျား
သိကိုသိတယ်
မပျံနိုင်ဘူးမှတ်လား
ပြေးပါ
မပြေးနိုင်တော့ဘူးလားဖြေးဖြေးလျှောက်ပါ
မလျှောက်နိုင်တော့ဘူးလား
တွားသွားပါ
ခင်ဗျားဘာကြီးပဲလုပ်နေနေရှေ့ကိုတော့ရောက်နေရမယ်
နောက်လှည့်မကြည့်နဲ့
လူဆိုတာသွားတဲ့လမ်းကိုပဲမျက်နှာမူရမယ်
ရှေ့ကိုလဲမျှော်မနေနဲ့ကိုယ့်ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတတ်တယ်
စက်ဘီးစီးမတတ်ခင်တုန်းကလိုပဲ
ကိုယ်လုပ်နေတဲ့ကိစ္စကိုရှေ့သို့ဆက်ရန်ဆိုတဲ့စိတ်နဲ့သာသွား
မြေကြီးလက်ခတ်မလွဲ ခင်ဗျားနောက်ဆုံးမှာ အောင်မြင်လာလိမ့်မယ်
Top Related